Show/Hide
net cut software free download

2:58 PM
ဒါလေးကတော့ 
Net cut Software လို့ ခေါ်ပါတယ် ဘာတွေ ကောင်းလဲ ဆိုတော့  လုပ်ငန်းခွင်းမှာ ...ပဲဖြစ်ဖြစ်
Network ရှိတဲ့  နေရာ တွေ မှာ ပဲ ဖြစ်ဖြစ် မိမိ
Net မသုံးစေချင်တဲ့ သူ့ ရဲ့ စက်ကို
Network Connection
ဖြတ်ပစ်တဲ့ 
Software လေးပါ...အသုံးဝင်းမည် သူ့ များ အတွက် ရည်ရွှယ်ပါတယ်.... ။
http://download.cnet.com/Netcut/3000-2651_4-30221.html?tag=contentBody;pop
Dota ချစ်ပရိတ်သတ် တို့  အတွက်

6:03 PM
Online သရဲ ဂိမ်းလေး ပါ

12:32 PM
Online Flash Game အွန်လိုင်းသရဲ ဂိမ်း လေး ပါ တော်တော်လေး ရင်ခုန် ဖို့ ကောင်းပါတယ်
Virus ကြောင့်ရှိနေတဲ့FileတွေကHidden File တွေဖြစ်နေရင် ဘယ်လိုလုပ်ပြီးပြန်ယူမလဲ
mg soe: ဒေါင်းလို့ရတယ် ဖိုင်ဖြေတော့ 0k.b ဘဲပြနေတယ် လင့်တွေကိုအကုန်လုပ်ကြည့် အဲဒီအတိုင်ဘဲ ဖြစ်နေတယ်
ို့ ကွန်ပျူတာထဲမှာ 0k.bat ဆိုတဲ့ ဗိုင်းရပ်စ်ဝင်နေတာပါ . ကျွန်တော်တင်ထားပေးတာ အားလုံးအဆင်ပြေပါတယ် . ကျန်တဲ့သူတွေလဲသုံးနေကြတာပါပဲ .. အဲ့ဒီ့ဗိုင်းရပ်စ်ကို ဘယ်လိုလုပ်ရတယ်ဆိုတာကို ဒီမှာ ဖတ်လိုက်ပါ .. တစ်ယောက်ယောက်က လက်တည့်စမ်းပြီး အစ်ကို့ဆီကို ပို့လိုက်တာနေမယ်နဲ့တူပါတယ် . အဲ့မယ် ဗိုင်းရပ် လုပ်နည်း နည်းလမ်း(၃)သွယ်ကို ရေးပြထားပေးပါတယ် .
တစ်ကယ်တော့ ဗိုင်းရပ်စ်ဆိုတာ မလုပ်သင့်တဲ့ အရာပါ . ကွန်ပျူတာအကြောင်း အတော်အတန် သိတဲ့ သူတွေအတွက် သတ်နည်းနဲ့ ဖယ်ရှားနည်းတွေကို လိုက်ရှာဖတ်ပြီး လုပ်လို့ရပေမယ့် . လုံးဝအစိမ်းသက်သက် ဘာမှ နားမလည်တဲ့သူတွေအတွက်တော့ တစ်ကယ့်ကို စိတ်ညစ်စရာ သောကရောက်စရာပါ . အဲ့ဒါကြောင့် လက်တည့်မစမ်းစေလိုပါဘူး . ဗိုင်းရပ်စ်ပြုလုပ်တဲ့ program program တွေကတော့ အများကြီးရှိပါတယ် . ဒါပေမယ့် ကျွန်တော် အားမပေးပါဘူး .. ကိုက အပျော်သဘောလုပ်ပေမယ့် တစ်ဖက်သားကို အရမ်းသောက ရောက်စေပါတယ် .
ဆက်လက်ဖတ်ရှု့ရန် ...
ကျေးဇူးတင်ပါတယ် ...
"c:windows\system32\rundll32.exe"error messageအတွက်
mgsanda:ုကျွန်တော့်စက်မှာ RECYCLER ဆိုပြီးhidden folder တစ်ခု ရောက်နေတယ်သူငယ်ချင်းက virus ဆိုလို့ shift+del လုပ်တာခဏပဲပျက်တယ်။ နောက်နေ့ပြန်ရောက်နေပြန်ရော အဲဒါအန္တရာယ် ရှိပါသလား
၁။
Tools >>Folder Options >> View ကိုသွားပြီး အောက်မှာပြထားတဲ့နံပါတ်တွေကို အမှန်ခြစ်လေးပြန်ဖြုတ်ပေးလိုက်ပါ။
--
(I) display the contets of system folders
--
(II) hide extensions for known file types
--
(III) hide protected operating system files(Recomended)
၂။ Download unlocker ကို Download လုပ်လိုက်ပါ . ပြီးတာနဲ့ recycler ဆိုတဲ့ဖိုင်ကို unlock လုပ်ပြီး ဖျက်ပစ်လိုက်ပါ . Unlocker ကို အောက်မှာ တစ်ခါတည်း တင်ထားပေးပါတယ် ..Download ifile.it ၊
Download mediafire ၊
Download 4shared ၊
Download megaupload
၃။ သတ်တဲ့အချိန်မှာ " can not delete RECYCLER:access is denied." ဆိုပြီး error message ပေါ်လာတဲ့အခါမှာ OK ပေးလိုက်ပြီး unlocker ပေါ်လာတတ်ပါတယ် . အဲ့လိုပေါ်လာတဲ့အခါ "noaction","delete","rename","move" ထဲက Delete ကိုပေးလိုက်ပြီး ဖျက်ပစ်ပါ .. RECYCLER virus ပျက်သွားပါလိမ့်မယ် ..
ဆက်လက်ဖတ်ရှု့ရန် ...
ကျေးဇူးတင်ပါတယ် ...
Show/Hide
ဒီဇိုင်းအတွက် လက်ရွေးစင် fontsများ
လက်ရွေးစင်
ဒီဇိုင်းလှလှထဲက ဖောင့်အမျိုးအစား (၁၀၀) နှင့်အခြား
ဖောင့်များကိုတင်ပေးလိုက်ပါတယ် .. အားလုံးပဲ အဆင်ပြေမယ်လို့ထင်ပါတယ် ...
ဖောင့်ဆိုတာကတော့ ဒီဇိုင်းလုပ်တဲ့ မည်သူ့မှာမဆို လိုအပ်ပါတယ် ..
Download ifile.it(1)
လက်ရွေးစင် (၁၀၀)ကို အောက်မယ်ဒေါင်းလိုက်ပါ
Download mediafire ၊
Download ifile.it
အဆင်ပြေမယ်ထင်ပါတယ် ..
Flash Drive မှ Virus ကိုကာကွဝ်နည်းနှင့် Autorun Virus ကို
ဘယ်လိုသတ်မလဲ..
I love you Virus ကိုဘယ်လိုသတ်မလဲ
Virus သတ်ချင်တဲ့ သူငယ်ချင်းများအတွက် ဆေးကောင်းတစ်လက်
Norton AntiVirus 2009 ကျွန်တော့်ကွန်ပျူတာမှာ တစ်ခြား virus software တွေတင်ပြီးသတ်တာကို မနိုင်လို့ အဲ့ဒီ့ virus တွေကို သက်ဆိုင်ရာ အချုပ်ခန်းထဲ ခဏချုပ်ထားလိုက်တယ် .. ဖျက်လို့လဲမရဘူး .. ဖျက်လဲခဏလေးပဲ ပြန်ဝင်လာတာ အဲ့ဒီ့တော့ မတတ်နိုင်တော့ဘူးလေ ... ခဏချုပ်ထားလိုက်တယ် ... အဲ့ဒါနဲ့ စိတ်ကလဲ စိတ်ညစ်နေတာ .. ဘယ်လောက်စိတ်ညစ်လဲဆိုရင် ပြောမပြတတ်အောင်ကိုပဲ စိတ်တိုနေတာ .. PC ထဲမှာလဲ ဖိုင်တွေက ဖျက်တာ ဖျက်လို့ကို မနိုင်တော့ဘူး .. ဘိုးဘိုးအောင် လိုမျိုး ၀လုံး တစ်လုံးကို ဖျက်ရင် နှစ်လုံးပေါ်သလိုပဲ .. ဖိုင်တစ်ဖိုင်ကို new folder ဆိုပြီး လုပ်လိုက်တာနဲ့ တစ်ခြားဘာမှမဆိုင်ပဲနဲ့ တစ်ခြား folder 2 က ပေါ်လာတယ် .. အဲ့ဒါနဲ့ ဖိုင်တွေကို ဖွင့်တာလဲ ဖွင့်လို့မရတော့ဘူး .. ကဲမထူးပါဘူးဆိုပြီးတော့ CD burn မယ်လဲဆိုရော .. DVD ထဲကို Burn ဖို့ ဖိုင်ကို Add လုပ်လိုက်တာ ဘာဖြစ်တယ်ထင်လဲ .. ကွန်ပျူတာထဲက 1GB ရှိတဲ့ ဖိုင်က CD Burn မယ့် List ထဲလဲရောက်ရော 40KB ဖြစ်သွားရော ...
မထူးပါဘူးဆိုပြီးတော့ ဘယ်ရမလဲ Flash Drive ထဲ ထည့်မယ်ဆိုပြီးတော့ ခါးမှာ လက်သုံးတော် အဖြစ်ထားတဲ့(ဘုရင်များ သံလျှက်ထုတ်သလိုဟန်နှင့်) Stick ကို ထုတ်လိုက်ပြီး တပ်လိုက်တယ်ဆိုရင်ပဲ Copy ကူးတုန်းကတော့ အဟုတ်ပဲ .. stick ထဲလဲရောက်ရော 40KB ပဲ ရှိတော့တယ် .. အဲ့ဒါနဲ့ အဲ့ဒီ့ရောက်နေတဲ့ ဖိုင်အတုကြီးကို ဖွင့်လိုက်တော့ ဘသားချောက ဘယ်က ဆွေမျိုးသားချင်းတွေ ခေါ်လာလဲမသိတော့ဘူး နောက်ထပ် ၂ ဖိုင်ပါ ထပ်ပြီးပွားနေလိုက်သေးတယ် ... အသက်ရှိတဲ့ကောင်ဆိုရင်တော့ နဘန်ကို ဘယ်ပြန် ညာပြန်တီးပြစ်လိုက်မှာ .. အဲ့ဒါနဲ့မထူးပါဘူးပေါ့ဆိုပြီး ရှိသမျှဖိုင်အကုန်လုံးကို HDD (D:) အပိုင်းထဲကိုထည့် ပြီး HDD (C:)အပိုင်းကို window ပြန်တင်လိုက်တယ် .. တင်ပြီးတာနဲ့ ဘာမှမတင်သေးခင် .. Norton AntiVirus 2009 ကို ဒေါင်းလိုက်ပြီးတော့ update ထပ်လုပ်လိုက်တယ် ... အားလုံးပြီးသွားမှ လက်သုံးတော် Flash Drive လေးကို မရဲတရဲနဲ့ ထုတ်ပြီး USB Port ထဲ ထိုးထည့်လိုက်ပြီး auto play တက်လာတာကို cancel လုပ်လိုက်ပြီး အဲ့ကောင်ကို virus စစ်လိုက်တယ် .. သိပ်မရှိပါဘူး အကောင် 22 ကောင်ပဲရှိတာ အဲ့ဒါနဲ့ သတ်ကြည့်လိုက်တာ တစ်ကောင်တောင်မကျန်ဘူး သေကုန်ရော .. ၀မ်းသာလိုက်တာဆို ပြောမနေနဲ့တော့ .. အဲ့ဒါနဲ့ ငတိတွေ ခိုအောင်းကျက်စားနေတဲ့ HDD (D:)ကို စစ်လိုက်တယ်ဆိုရင်ပဲ ဆွေမျိုးသားချင်းတွေ အကောင် 60 ကျော်တွေ့လိုက်တယ် ..အဲ့ဒါနဲ့ သတ်ကြည့်လိုက်တာ ဂါထာတောင်မလိုဘူး အကုန်သေကုန်ရော .. သတ်ပြီးတာနဲ့ ဒီ Norton AntiVirus က ဘာလုပ်ပေးလဲဆိုရင် သတ်ပြီးသား Files တွေကို Hidden ဖိုင်လေးလုပ်ထားပေးတယ် .. သိရအောင်လို့ ကြွားတယ်ထင်တာပါပဲ .. ငါဒီ Files ထဲမှာ ရှိတဲ့ အကောင်တွေကို သတ်ပြီးပြီဆိုတဲ့သဘောပေါ့ ... အဲ့ဒါနဲ့ကိုကလဲ သူကြွားထားတဲ့ ဖိုင်လေးကို Hidden ကို အမှန်ခြစ်လေးပြန်ဖျောက်ပြီး apply လုပ်ပေးလိုက် မူရင်းဖိုင်လေး ပုံစံမပျက် ပြန်ရလိမ့်မယ် ... အားလုံးပြီးဆုံးသွားရင်တော့ ပေါ့ပါးလန်းဆန်းပြီး တက်ကြွဖျတ်လတ်နေတဲ့ ကွန်ပျူတာတစ်လုံးကို သင်ပိုင်ဆိုင်မှာပါ .. (ဒီနေ့ အူမြူးနေတာ .. နေမကောင်းပေမယ့် စိတ်ဒုက္ခပေးနေတဲ့ ငတိတွေကို ပြားပြားဝပ်ခြေမှုန်းနိုင်ခဲ့လို့လေ) ဒါကြောင့် အောင်ပွဲအထိမ်းအမှတ်နဲ့ လက်ဆောင်ပြန်ပေးလိုက်တာ .
ကဲအောက်မှာ သူ့မူရင်း website လေးကို ပြန်တင်ပေးထားပါတယ် ...ဒီမှာပါ အဲ့ဒီ့ကနေ သွားပြီးတော့ Download လုပ်လိုက်ပါဦး ...မသုံးတတ်ရင်ပြောနော် ကျွန်တော် ဓါတ်ပုံလေးတွေနဲ့ ရှင်းပြပေးပါ့မယ် .. သုံးတတ်မယ်တော့ထင်ပါတယ် .. install လုပ်ပြီးရင်တော့ update လုပ်ဖို့ မမေ့ပါနဲ့ ...
ဆက်လက်ဖတ်ရှု့ရန် ...
ကဲကဲ ကိုညီနေမင်းဆီကကူးနေတာလည်းများနေပြီ ကိုယ်တိုင်မတင်နိုင်သေးပါဘူးဗျာ
show/hide