# #

Thursday, July 4, 2013

Phone တွေကို ဘယ်လို Unlock လုပ်မလဲ

Show/Hide

Phone တွေကို ဘယ်လို Unlock လုပ်မလဲ


ဒီနေ့တော့ ပထမဦးဆုံးနေ့မို့ အောက်မှာရှိတဲ့ ဖုန်းအမျိုးအစားတွေကို Unlock လုပ်တဲ့ program ကို တင်ပေးလိုက်ပါတယ် . unlock လုပ်လို့ ရမည့် ဖုန်း အမျိုးအစားတွေကို အောက်မှာ ရေးပြထားပါတယ် . ဖုန်း model no တွေကိုတော့ program ကို Install လုပ်ပြီးတာနဲ့ ကို Unlock လုပ်ချင်တဲ့ ဖုန်းအမျိုးအစား ကိုရွေးရမှာပါ .

· Unlock Nokia
· Unlock LG
· Unlock Panasonic
· Unlock Maxon
· Unlock Samsung
· Unlock AEG/Telital
· Unlock Alcatel
· Unlock Siemens
· Unlock Sony
· Unlock Vitel

လုပ်နည်း
  • ပထမဦးဆုံး မိမိဖုန်းမှာ *#06# ကို ရိုက်ထည့်လိုက်ပါ အဲ့ဒါဆိုရင် မိမိ ဖုန်းရဲ့ IMEI No ကို မြင်တွေ့ ရမှာ ဖြစ်ပါတယ် .
  • အဲ့ ဒီ့ မိမိဖုန်းမှာ ပေါ်လာတဲ့ IMEI no ဟာ အခု တင်ပေးလိုက်တဲ့ software ကို install လုပ်လိုက်ပြီးတာနဲ့ ပေါ်လာတဲ့ IMEI အကွက်မှာ ထည့်ရမှာ ဖြစ်ပါတယ် .
  • ကျန်တဲ့ ဟာတွေကို ဖြည့်ပြီးတာနဲ့ calculate ကို နှိပ်လိုက်ပါ.
  • အဲ့ဒီ့မယ် Nokia unlock code (၇) ကြောင်း ပေါ်လာပါလိမ့်မယ် . အဲ့ဒီ့ ပေါ်လာတဲ့ code ထဲက အောက်ဆုံးက +7 code နှင့် အရင်ဆုံး ဖြည်ပါ . +7 နဲ့ မရရင် +1 နဲ့ ဖြည်ပါ. +1 နဲ့ မရရင် နောက်ဆုံး +5 နဲ့ ဖြေပါ .
  • နောက်ဆုံး "Sim restriction off" ဆိုတဲ့ စာတန်း ပေါ်လာရင် unlocked လုပ်ခြင်း လုပ်ငန်း ပြီးဆုံးပါပြီ .
  • p, w (သို့) + ကို ရရှိနိုင်ဖို့အတွက် * ကို နှိပ်ရမှာ ဖြစ်ပါတယ် . နှိပ်တဲ့အခါမှာလဲ * ကို ဆက်တိုက် ဖိထားရင် ပေါ်လာမှာ ဖြစ်ပါတယ် . အဲ့လောက် ဆိုရင်တော့ unlock လုပ်တတ်ပြီလို့ ထင်ပါတယ် .
  • software ကို အောက်မှာ တင်ပေးထားပါတယ် . အဆင်ပြေသလို Download လုပ်ယူလိုက်ပါ . Download link 2 နေရာကနေ တင်ပေးထားပါတယ် .

Download ifile.it | Download Mediafire

(ဘယ်သူတွေ ဘယ်လိုပြောပြော မြန်မာပြည်က လူငယ်တွေ အခုမှ တိုးတက်ဖို့ အစပျိုးနေကြတာ (ရန်ကုန်မှာ software များကို ရောင်းချခွင့် ပြုထားပါသည်) ဒီ့အပြင် သူများ တိုးတက်တဲ့ နိုင်ငံခြားသား ၀ဘ်ဆိုက်တွေမှာ တောင်မှ ပိုက်ဆံမရဘဲနဲ့ software တွေ free sharing ပေးနေတာပါ . ကျွန်တော်တို့ နိုင်ငံသားတွေက အခုမှ တိုးတက်ဖို့ "စ" လုံးရေ "စ" ခါစ ရှိသေးတာပါ . အဲ့ဒါကြောင့်မို့ ကျွန်တော့် ၀ဘ်ဆိုက်ကို မူပိုင်ခွင့်ကြောင့် ဖျက်မယ်ဆိုရင်လဲ နောက်ထပ် Domain name အသစ်တစ်ခု ထပ်ဝယ်ပြီး ထပ်တင်ပေးဦးမှာပါ) ကျွန်တော်တင်တဲ့ program တော်တော်များများဟာ latest version များကို အဓိကထား တင်ပေးနေတာဖြစ်ပါတယ်) software နှင့်အတူ အသုံးပြုနည်းများကိုပါ တင်ပေးထားပါတယ် . အသုံးပြုနည်းကို တင်ပေးပြီး software ကို တစ်ခြားဆိုက်တွေက link တွေကို ပြန်ပြီးတော့ ညွှန်းနေရရင် အလုပ်များတဲ့အပြင် မြန်မာပြည်ကနေ အဆင်မပြေတဲ့ Download hosting site တွေ ဖြစ်နေရင် Download link ကိုတော့ မြင်နေရပြီး Download လုပ်ဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး . မြန်မာပြည်ကနေ အဆင်အပြေဆုံးကတော့ ifile.it နှင့် Mediafire ဆိုက်ပါ. ကျွန်တော့် ဆိုက်မှာ အသုံးပြုနည်း တင်ပေးလိုက်ပြီးတော့ ကျွန်တော် တင်ပေးတဲ့ အဆိုပါ software ကိုပဲ တစ်ခါတည်း တင်ပေးထားတော့ . တစ်ခါတည်း Download လုပ်လို့ရတာပေါ့ .)
 

phone software

Show/Hide


Samsung Pc Studio


ဒါကတော့ samsung phone တွေနှင့် ကွန်ပျူတာ ချိတ်ဆက် အသုံးပြုချင်တဲ့အခါမှာ လိုအပ်မည့် software ဖြစ်ပါတယ်. နောက်ထပ် nokia ဖုန်းအတွက် ထပ်တင်ပေးပါဦးမယ်. ဒါကတော့ samsung phone သမားများအတွက်ပါ။ တောင်းထားတဲ့သူ မရှိပေမယ့် နောက်လိုအပ်တဲ့ သူများတောင်းလာခဲ့ရင် တန်းပြီး download လုပ်ယူ လို့ရအောင်လို့ တင်ပေးလိုက် တာဖြစ်ပါတယ်. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.

Download ifile.it
Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7

Mediafire
Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7

Mirrorcreator
Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7


software နှင့် တစ်ခြား ရှာချင်တာများကို ဘယ်လို ခဏလေးနဲ့ ရှာရမလဲ


ကျွန်တော့် ၀ဘ်ဆိုက်မှာ တင်မဟုတ်ပါဘူး. တစ်ခြား ဆိုက်တွေမှာ ရှိတာတွေကို ဘယ်လို ရှာလို့ရသလဲ google ကနေ ဘယ်လို ရှာရမလဲ ဆိုတာကို ပြောပြပါ့မယ် . ရှာနည်းက လွယ်လွယ်လေးပါ . ဥပမာဗျာ your uninstaller ဆိုတဲ့ software တစ်ခု ကျွန်တော့် ၀ဘ်ဆိုက်ထဲမှာ ရှိနေတယ် . ဘယ်နေရာမှာ ရှိသလဲဆိုတာ လိုက်ရာရတော့မယ် . အချိန်တိုလေးအတွင်းမှာ ရှာလို့ရပါတယ် . အဲ့တော့ အောက်က နည်းအတိုင်း ရှာကြည့်လိုက်ပါ .

(၁) www.google.com ကို ၀င်လိုက်ပါ .
(၂) "your uninstaller .chattingzayike.blogspot.com" လို့ google ကနေ ရိုက်ပြီး Google search ကို နှိပ်လိုက်ပါ.
(၃) အပေါ်ဆုံးမှာ မိမိရှာချင်တဲ့ link ကို တွေ့ရမှာ ဖြစ်ပါတယ် .

သတိထားစေချင်တာက "your uninstaller .chattingzayike.blogspot.com" ဆိုတဲ့နေရာမှာ your uninstaller နှင့် chattingzayike.blogspot.comဆိုတဲ့ ကြားထဲမှာ space bar လေး တစ်ချက် ခြားစေချင်ပါတယ် . အဲ့လို ရိုက်ပြီးသာ ရှာကြည့်ပါ . ကျွန်တော့် ၀ဘ်ဆိုက်မဟုတ်ပဲ တစ်ခြားဆိုက်တွေလဲ ရှာကြည့်လို့ရပါတယ် . ရှေ့က စာလုံးနေရာက မိမိရှာချင်တဲ့ software နာမည် ပြီးတော့ space bar ပြီးတော့ မိမိရှာချင်တဲ့ ၀ဘ်ဆိုက်နာမည် အဲ့လို ရှာကြည့်လိုက်ပါ . ဒါက အလွယ်ဆုံးနှင့် အမြန်ဆုံး ရှာနည်းပါ. အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်


အတော်လေးစုံတဲ့ Ayar Dictionary website and software


ဒါကတော့ မသိသေးတဲ့သူတွေကို သိစေချင်လို့ ကြေငြာပေးလိုက်တာပါ. သိပြီးသားလဲ ဖြစ်ကောင်းဖြစ်မှာပါ. ဧရာအဖွဲ့ကနေ လုပ်ထားတဲ့ Dictionary website နဲ့ dictionary software လေးကို သုံးကြည့်စေချင်ပါတယ်. လတ်တလောတော့ စာလုံးပေါင်း 241299 ကို ထည့်သွင်းပေးထား ပါတယ်. နောက်ထပ်လည်းပဲ update လုပ်နေဦးမယ်ထင်ပါတယ်. web dictionary မှာကတော့ မြန်မာ မှ အင်္ဂလိပ်အင်္ဂလိပ် မှ မြန်မာ မြန်မာ မှ မြန်မာ မြန်မာဆိုရိုးစကား မြန်မာ ဘန်းစကားကွန်ပျူတာသုံးအတိုကောက်အက္ခရာများအမည်အသံထွက်များ စာလုံးပေါင်းသတ်ပုံ စတဲ့ အကြောင်း အရာတွေကို ရှာဖွေပေးနိုင်ပါတယ်. လိုချင်တဲ့ စာသားတော်တော်များများကို တွေ့ရပါတယ်. Web dictionary ကို သွားချင်ရင်တော့ ဒီကို နှိပ်လိုက်ပါ. Dictionary ကို Download လုပ်မယ်ဆိုရင်တော့ အဲ့ဆိုက်မှာ Download လုပ်ဖို့ပေးထားပါတယ်. web dictionary မှာ ဧရာဖောင့် မလိုအပ်ပေမယ့်. Dictionary software ကို Download လုပ်ပြီးတော့ မိမိကွန်ပျူတာမှာ ထည့်ပြီး offline သုံးချင်တယ် ဆိုရင်တော့ ayar font ရှိလို့ လိုအပ်ပါတယ်. Dictionary ကို install လုပ်စရာမလိုပါဘူး. portable ဖြစ်တဲ့အတွက် run ပြီး သုံးရုံပါပဲ. ayar font ကို လိုချင်ရင်တော့ ဒီမှာ Download လုပ်လိုက်ပါ.